မနေ့က ညပိုင်းကစလို့ steemmonsters game ကို စတင် ကစားပြီဖြစ်ပါတယ် အစကတည်း ကစားခဲ့
မယ်ဆိုရင်တော့ အခုဆို အတော် ခရီးရောက်နေရော့မည် ဖြစ်ပါတယ်။ ဒါပေမယ့် အခုမှ စတင်ကစားလည်း နောက်မကျသေးပါဘူး အခုဆိုရင် တစ်ညနဲ့ တစ်ရက် တိတိ ကစားခဲ့ပြီဖြစ်ပါတယ်
ကစားရတာ တဖြည်းဖြည်း အရှိန်တက်လို့လာတာတွေ့ရပါတယ် စိတ်ဝင်စားစရာ အတော်ကိုကောင်း
ပါတယ် နဂိုက စီအိုစီ ဂိမ်းကို အသည်းအသန် ကစားခဲ့ ရူးသွပ်ခဲ့လေသမျှ အခုတော့ steemmonsters game အပေါ်မှာ ထို ရူးသွပ်မှုတွေကို ပုံအော ပေးရတော့မှာဖြစ်ပါတယ်
ဘာလို့လဲဆိုတော့ အကြောင်းပြချက် ကောင်းကောင်းတွေကို ရှာဖွေထားပြီးဖြစ်ပါတယ်
steemit ပေါ်မှာ တည်ဆောက်ထားတဲ့ စတီးမစ်နဲ့ အလုံးစုံ ဆက်နွယ်ပါတ်သက်နေတဲ့ ယခုဂိမ်းကို
မှ မကစားရင် ဘယ်ဂိမ်းသွားလို့ ကစားမှာလဲလေ။
စတီးမစ်ကို ကိုယ်စွမ်းရှိသမျှ ညာဏ်စွမ်းရှိသမျှ အားသွန် ခွန်စိုက် လုပ်လာခဲ့ပြီဆိုတော့
ယခုဂိမ်းကိုတော့ မဖြစ်မနေ ကစားတော့မှာဖြစ်ပါတယ်
စီအိုစီတောင် အရေမရ အဖတ်မရ ရူးသွပ်ခဲ့သေးတာဘဲ ဒီဂိမ်းကိုတော့ အသာအယာ ကျေကျေနပ်နပ်ကို ကစားမှာပေါ့လေ
အခုဆိုရင် ဘရားသားကြီး @mmunited ရဲ့ နည်းပေးလမ်းပြမှုတွေ အကူအညီတွေနဲ့အတူ
steemmonsters မှာ ခြေတချစာနေရာလေး ရသွားပြီ ဖြစ်ပါတယ် အစကတည်းက ကစားဖို့
တိုက်တွန်းခဲ့သော်လည်း စာရေးသည့် အလုပ်များကို ပိုအာရုံစိုက်နေရသည့်အတွက် ယခုမှ
ကစားဖြစ်ပါတော့တယ် ဘရားသားကြီး @mmunited ကတော့ တော်တော်ကို ခရီးရောက်နေပြီ
ဖြစ်ပါတယ်
ယခုလောလောဆယ်တော့ 10 ဒေါ်လာရင်းထားပါတယ် ဒါကလည်း မဖြစ်မနေ ရင်းရတဲ့ ငွေကြေးပါ
ကစားမယ်ဆိုရင် ဒီငွေကြေးလောက်တော့ စတင် ပေးရပါတယ် ၀င်ကြေးသဘောပါဘဲ နောက်ထပ် ရင်းနှီးစရာတွေလည်း ရှိနေပါသေးတယ် နောက်မှ ဖြည်းဖြည်းချင်း ရင်းနှီးသွားမယ် စိတ်ကူးပါတယ်
လေဘယ်အဆင့်တွေ တစ်ခုပြီးတစ်ခု တက်သွားရတာဖြစ်လို့ ဒီဂိမ်းက အင်မတန် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ စွဲလမ်းစေသော ဂိမ်းကောင်းတစ်ခု ဖြစ်တယ်ဆိုတာတော့
သေချာပါတယ်
ဒီနေ့တော့ ဒိလောက်ပါဘဲ မနက်ဖန်မှ အတွေ့အကြုံလေးတွေ ဆက်ရေးချပါဦးမယ်
အမှန်အတိုင်းပြောရရင်တော့ ဒီစာရိုက်နေရင်း တစ်ဖက်မှာ တိုက်ပွဲဝင်နေတာပါ
ဒိနေ့ ဒီပို့စ်တောင် မရေးတော့ဘူးကွာလို့ နေမိတော့မလိုပါ စိတ်က အဲ့ဒီ ဂိမ်းထဲဘဲရောက်နေတယ်လေ
အခြေအနေက အဲ့သလိုကို ကောင်းနေတာ ၀ါသနာနဲ့ စိတ်ပါဝင်စားမှုကတော့ ငယ်ထိပ်တက်ဆောင့်လို့နေပါပြီ
Author : @bobokyaw
သင်ပေးဦးဟာ ဂိမ်းဆို စိတ်ဝင်စားတယ်
ဘယ်လိုလုပ်ရလဲ ပြောတောင်မပြောဘူး ဒါကျတော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုန်မှာ မလို့မပြောတာလေ့ တစ်ဆယ်လောက် ရင်းရမှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Life splinter ကိုသုံးပြီး ၁၀ ပွဲနိုင်လို့ရှိရင် booster pack တစ်ခုရတယ် ဘရို။ အဲ့ ဒိတစ်ခုရပြီးရင်တော့ နောက်splinter တစ်ခုနဲ့ပြောင်းဆော့ရတယ် ဘရို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါ ဘရားသားရေ
နေ့တိုင်း ယူနိုင်အောင် လုပ်နေပါတယ် အဆင်ပြေတယ်ဗျ ကစားရတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit