ဦးဆောင်မှုကောင်းတဲ့သူဟာ အများသဘောကို နားထောင်တက်သူဖြစ်တယ် အများပြောတာကို
လေးစားတက်သူဖြစ်ပါတယ် အများရဲ့ အကြံဥာဏ်ကိုလည်း ယူတက်သူဖြစ်ပါတယ် ဒါပေမယ့်ဘယသူ့
ဆီကဘယ်လိုသောအကြံဥာဏ်တွေကို ယူနေသော်လည်း နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ
ရဲဝံ့ပြတ်သားစွာ ချရသူကတော့ ကိုယ်တိုင်သာဖြစ်ပါတယ် ဦးဆောင်မှုကောင်းအောင် အများကိုလေးစား
ရသလို မိမိကိုယ်လည်း ဂတိတည် လေးစားလိုက်နာရပါတယ် မိမိကိုယ်ကို ယုံကြည်ရပါတယ်
အများက ဒါကောင်းတယ်ဆိုတိုင်း လိုက်ကောင်းတာမျိုး အများက ဒါတော့မကောင်းဘူးဆိုပြီးတော့
နားယောင်ကာ မကောင်းလောက်ပါဘူးဟု မိမိယုံကြည်ချက်ကို ချေဖြတ်ပစ်တာမျိုးတွေ မလုပ်သင့်ပါဘူး
ကိုယ်ရဲ့စိတ်သဘောနဲ့ အများရဲ့ စိတ်သဘောဟာ အမြဲတမ်း တစ်သွေမတိမ်း သဘောတရား တစ်ခုတည်း
ရှိနေမှာ မဟုတ်ပါဘူး။ အမြဲတမ်းဆန့်ကျင်ဘက်လည်းဖြစ်နေမှာတော့ မဟုတ်ပါဘူး ပြသနာတစ်ခု ဆုံးဖြတ်
ချက်တစ်ခုအတွက် အများရဲ့အမြင်ကို နားထောင်ပေးတဲ့အခါ ကိုယ်မမြင်သောနေရာတွေကိုမြင်တွေ့နိုင်တယ်
လေ ကိုယ်မတွေးမိသော လစ်ဟာ ကျန်ရစ်သောအရာတွေကို တွေ့မြင်ပြီး အချိန်မှီဖြည့်တင်းနိုင်မယ် အမှားဆို
ရင်လည်း အမှားကိုပြင်ဆင်နိုင်လာရမည်ပေါ့။ ဒါကြောင့် အများရဲ့ စကားသံကိုလည်း နားစွင့်သင့်ပါတယ်
ရန်သူပြောသောစကားသည် မမှားလို့ အချို့ကဆိုကြပါတယ် ဟုတ်ပါတယ် ရန်သူက မိမိရဲ့ အားနည်းချက်ကို
ကောင်းကောင်းသိသူဖြစ်ပါတယ် ကိုယ့်ထက်တောင် ကိုယ့်အားနည်းချက်ကိုသူကမြင်တွေ့နိုင်ပါသေးတယ်
ကိုယ်တိုင်က ကိုယ့်အကြောင်းတွေးတဲ့အခါ လိုအပ်ချက်တွေကို ဖြည့်တွေးတက်သောကြောင့် အမြဲတမ်းပြည့်
စုံသော တိကျသောအမြင်ကိုမရနိုင်ပါဘူး။ ရန်သူပြောတဲ့ စကားသံတွေထဲမှာ ကိုယ့်အတွက် သင်ခန်းစာကောင်း
တွေ သတင်းအချက်အလက်တွေကို ထုတ်နှုတ်ယူကာ ပြင်ဆင်သင့်က မရှက်မကြောက်ပြင်သင့်ပါတယ်
အမြဲတမ်းမှန်ကန်နေမည်မဟုတ်ပေမယ့်လည်း အမြဲဆန်းစစ်လို့ အမှားပြင်နေသူအတွက်ကတော့ ကောင်းမွန်
သော အဖြေတွေ ရရှိလာနိုင်ပါတယ်
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!