Yes Thi si my first time

in esteem •  7 years ago 

online အချိန်ပိုင်းအလုပ်တွေအတွက် သင်ပြောင်းလဲဖို့ အသင့်ဖြစ်ပြီလား?

ယနေ့ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ ငွေရှာတဲ့ ပုံစံတွေ ဟာ ခေတ်နဲ့အညီလိုက်ပါပြောင်းလဲလာပါတယ်။
image
ပံမှန်ဝင်ငွေ (Active income)တစ်ခုတည်းနဲ့ မလုံလောက်လာတဲ့ အခါ ကျနော်တို့ လူငယ်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ အပိုဝင်ငွေရှာဖို့ ကြိုးပမ်းလာကြပါတယ်။ အလုပ်တစ်ခုရဖို့ တောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ခေတ်ကြီးမှာ အပိုဝင်ငွေအတွက် အလုပ်နောက်တစ်ခုထပ်ရှာရတာ အရမ်းခက်ခဲလာပါတယ်။

ယခု ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ Online ပေါ်ကနေ ငွေရှာနည်း ဆိုတာပါပဲ။

ယနေ့မြန်မာနိုင်ငံမှာ လူပေါင်း သန်း ၃၀ ကျော် Mobile ဖုန်းအသုံးပြုလာနိုင်ပြီး အင်တာနက်နဲ့ လက်လှမ်းမီလာပေမယ့် အင်တာနက်ထဲကနေ ပိုက်ဆံဘယ်လိုရှာမလဲဆိုတာ သိတဲ့လူကတော့ လက်တစ်ဆုပ်စာပဲရှိတယ်ဆိုတာ ဝမ်းနည်းစရာအမှန်တရားတစ်ခုပါ။

နမူနာအနေနဲ့ပြောရရင် အင်တာနက်သုံး ငွေကြေးဖြစ်တဲ့ cryptocurrancy ဆိုတာကိုတောင် ကြားဖူးသူ အရမ်းနည်းပါတယ်။

Online ပေါ်ကနေ ငွေရှာမယ်ဆိုရင် နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဘောလုံးပွဲလောင်းတာကအစ ဈေးရောင်းတာအဆုံး အမျိုးမျိုးအဖုံဖုံ ရှိပါတယ်။ ရင်းနှီး မြှပ်နှံမှုလုပ်တာ ငွေကြေးဈေးကစားတာတွေလည်းရှိပါတယ်။ရှုပ်ထွေးလွန်းတဲ့ လောင်းကစားလုပ်တာတွေ ငွေကြေးဈေးကစားတာတွေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ဖယ်လိုက်တဲ့အခါ ကျနော်တို့ လူငယ်တွေအတွက် ရိုးရှင်းတဲ့အချိန်ပိုင်းလုပ်စရာ လေးတွေ ရှိလာပါတယ်။
image
အဲဒါတွေကတော့

အင်တာနက်ထဲကကြော်ငြာတွေ (ads) တွေ ကြည့်ပေးရုံနဲ့ ပိုက်ဆံရတယ်ဆိုတာတွေ။ website မှာ postတွေရေးပေးနိုင်ရင် ပိုက်ဆံရတယ်ဆိုတာတွေ။ ကိုယ်အလှရိုက်ထားတဲ့ရှုခင်းပုံလေးတွေရောင်းရင်ပိုက်ဆံရတာတွေပါပဲ။ ဒါတွေဟာ မြန်မာနိုင်ငံကို အင်တာနက်ဆိုတာမရောက်ခင်တည်းက နိုင်ငံတကာမှာ ရှိနေခဲ့တာပါ။

ယနေ့ မြန်မာနိုင်ငံမှာ အဲဒီအလုပ်လေးတွေကို အချိန်ပိုင်းလုပ်ရင်းတစ်လဒေါ်လာရာထောင်ချီဝင်နေတဲ့သူတွေရှိနေပါပြီ။

ဟုတ်ကဲ့ ဒီနေ့ခေတ် လူငယ်တွေ အချိန်ပိုင်းအလုပ် ရှားပါးနေချိန်မှာ အဲဒါလေးတွေ မလုပ်နိုင်ကြဘူးလား why။

online အချိန်ပိုင်းအလုပ်တွေအတွက် သင်ပြောင်းလဲဖို့ အသင့်ဖြစ်ပြီလား? အပိုင်း (၃)

အပိုင်း (၁) နဲ့ (၂) မှာ ကျနော် အလုပ်အမျိုးအစားတွေနဲ့ လိုအပ်ချက်တွေပြောပြပြီးပါပြီ။

အခု ဆက်ပြောပြမှာကတော့ ဘာတွေရှောင်ရမလဲဆိုတာပါပဲ။Online ပေါ်က ငွေရတဲ့အလုပ် 80% ခန့်ဟာ အတုအယောင် (Scam) Website တွေပါ။အဲဒါတွေ မခွဲခြားတတ်ရင် ဆုံးရှုံးမှုတွေပဲ ကြုံရမှာပါ။

ဘယ်အလုပ်မဆို Risk (ဆုံးရှုံးနိုင်ခြေ) ရှိပါတယ်။ ဆုံးရှုံးမှုဆိုတာ ငွေတစ်မျိုးတည်းမဟုတ်ပါဘူး။ အချိန်တွေ လုပ်အားတွေလည်းပါပါတယ်။ Online ပေါ်ကကြော်ငြာ Click ပြီးငွေရှာမယ်ဆို ဆုံးရှုံးမှုတွေမရှိအောင် ဘာတွေရှောင်ရမလဲ.....

အခြေခံဥပဒေသ (၃) ခုရှိပါတယ်။

(၁) လောဘမကြီးပါနဲ့။

(၂) ချင့်ချိန်ပါ။ အယုံမလွယ်ပါနဲ့။ သေချာလေ့လာပါ။

(၃) ငွေကြေးကို သေချာစီမံခန့်ခွဲပါ။

နမူနာလေးတွေနဲ့ပြောပြပါမယ်၊ Online ကနေ Paid to Click Website တစ်ခုက သင့်ကို ကြော်ငြာတစ်ခု Click ရုံနဲ့ US$ 1 $ ပေးမည်ဟုပြောလာသည်ဆိုပါစို့။ ချင့်ချိန်ပါ....လူတစ်ယောက်ကို ကြော်ငြာတစ်ခုကြည့်ပေးရုံနဲ့ 1$ ပေးရင် လူ တစ်သန်းလောက်ကြည့်မယ်ဆို အဲကြော်ငြာတင်ထားတဲ့ Company ဒေ၀ါလီပါခံလိုက်ရမယ်။ ရတယ်ဆိုတိုင်းမယုံပါနဲ့။ အချိန်ကုန်ခံပြီး Click ပြီးမှ ငွေထုတ်တဲ့အခါ ကိုယ့် Wallet ထဲဘာမှရောက်မလာတာမျိုး နဲ့ကြုံရပါလိမ့်မယ်။ အဲ Website ကကျနော်တို့ကိုလိမ်ညာ Click ခိုင်းပြီး တစ်ဖက် Company ကရတဲ့ ပိုက်ဆံတွေမပေးပဲ ယူထားလိုက်တာပါ။ (မှတ်ချက်.... အမှန်တကယ်ပေးတာက 1 Ads ကို 0.01 $ လောက်ပဲပေးတာပါ။)

သေချာလေ့လာတဲ့အခါမှာ နည်း (၂) နည်း ရှိပါတယ်...။ တစ်ခုက Review နဲ့ နောက်တစ်ခုက Tracking ပါ။ ကိုယ်ကြော်ငြာ Click မယ့် Website က တစ်ကယ်ပေးမပေးဆိုတာကို Review တွေလိုက်ဖတ်နိုင်ပါတယ်...။ဥပမာ kmclick.com က တစ်ကယ်ပေးမပေးသိချင်သည်ဆိုပါစို့.... Google မှာ Is kmclick.com Scam? လို့ ရိုက်ပြီးရှာလိုက်ပါ။ ပြီးရင် User တွေ ရေးထားတဲ့ Review တွေလိုက်ဖတ်ပါ။ ပိုက်ဆံရတယ် လို့ပြောတိုင်းလည်း မယုံပါနဲ့ Withdraw List (ငွေထုတ်မှတ်တမ်း)ကို Screen Shoot ပြနိုင်မှ ယုံပါ။

Tracking ဆိုတာက ကိုယ် Click မယ့် Website က အမှန်တကယ် ကြော်ငြာ Companyတွေ နဲ့ချိတ်ထားတာဟုတ်မဟုတ် စုံစမ်းတာပါ။

(အခြားOnlineလုပ်ငန်းတွေ BTC investment, HYIP,....etc....... Website .စသည်တို့ နဲ့ပတ်သတ်ပြီး သတိထားစရာတွေနဲ့ ပတ်သတ်လို့ အများကြီးပြောစရရာရှိပေမယ့် ဒီမှာတော့ ကြော်ငြာ Click တဲ့ကိစ္စ ပဲ ပြောထားပါတယ်။အခက်အခဲတွေ သိချင်တာတွေရှိရင် မေးလို့ရပါတယ်။ အချိန်ရတာနဲ့ ဖြေပေးပါ့မယ်)

(၃) ငွေကြေးစီမံခန့်ခွဲပါ ဆိုတာက ကိုယ် Click လို့ ရမယ့် ပိုက်ဆံနဲ့ ဖုန်းဘေလ် ကိုက်မကိုက် စစ်ကြည့်တာမျိုးပါ။ :) အမှန်က ဒီထက်ပိုပါတယ်။ Online အလုပ်ဆိုတာ ဘယ်ဟာမှ မရေရာပါဘူး။ အချိန်မရွေး ပေးနေရာကနေ Scam ဖြစ်သွားနိုင်ပါတယ်။ မမြင်ရသလို ဘယ်သူမှလည်း အာမမခံပါဘူး။ ကိုယ့်ငွေကို အမြဲ Online မှာပဲ မထားပါနဲ့...။ လွယ်လွယ်နဲ့ မရင်းပါနဲ့။

ဒီလောက်ဆို စလို့ရပါပြီ။။။။။ Google မှာ List of PTC Sites ဆိုပြီး ရှာလိုက်ပါ။ ပြီးရင် လိုက်ဖတ် လိုက်လေ့လာ လိုက်လုပ်ကြည့်ပါ....။ အခက်အခဲနဲ့ သိချင်တာရှိရင်မေးပါ။ အဓိကက ငွေလွယ်လွယ် မရင်းပါနဲ့။ ကျနော် ဘာလုပ်နေလဲဆိုတာသိချင်ရင် စိတ်ဝင်စားရင်ရှင်းပြနိုင်ပါတယ်။ လာရောက်မေးမြန်းနိုင်ပါတယ်။ အခက်အခဲတွေနဲ့ မေးခွန်းတွေကိုကြည့်ပြီးမှ နောက် Post ထပ်တင်ပါမယ်။

PTC နဲ့ အခြား Online business တွေကနေ တစ်လ $5000 နီးပါးရနေသူတွေ ကျွန်တော့မှာ အသိတွေရှိပါတယ်။ သူတို့လည်း Beginer ကနေစခဲ့တာပါ။ကျတော်လည်း ကြိုးစားနေဆဲပါ။ အမှန်တကယ်ကြိုးစားမယ့်သူတွေကို အတွေ့အကြုံတွေ Share ပေးဖို့အဆင်သင့်ပါ။

သင်ပေးကြဖို့ ကျနော့ကို ပြောတဲ့ သူငယ်ချင်းများခင်ဗျား။ ကိုယ်တိုင်အရင်လေ့လာကြည့်ပြီး လုပ်ချင်စိတ် သေချာပြီဆိုမှ CB သာ လာခဲ့ပါ။ အမှန်တကယ်လုပ်ချင်သူတွေအတွက် ပြောပြရမှာများနေလို့ပါ။ CB သာလာခဲ့ပါ။အားလုံးအဆင်ပြေကြပါစေ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!