ဆုတ်ကပ်

in myanmar •  7 years ago 

ကျွန်တော်တို့ဒီခေတ်ဒီအခါမှာလူဖြစ်လာရတာဟာကံကောင်းမှုနဲ့ ကံဆိုးမှုနှစ်ခုစလုံးကိုတစ်ပြိုင်တည်းခံစားနေကြရပါတယ်။ ကံကောင်းမှုကတော့ ကြုံခဲလှတဲ့ ဘုရားသာသနာတွင်းလူဖြစ်နေရခြင်းပါ။ ကံဆိုးတာကတော့ ဆုတ်ကပ်ဖြစ်နေတော့ လူတွေတော်တော်များများဟာ လောဘ ဒေါသ မောဟတွေဖုန်းလွမ်းပြီး မလုပ်သင့်အလုပ်တွေ
(အကြမ်းဖက်မှု သူငယ်မဒိန်းမှု နယ်မြေလုမှု)လုပ်နေကြလို့ပါပဲ။
image
crd-org-source
နိုင်ငံတစ်နိုင်ငံတိုးတက်လာပြီဆိုရင် တိုးတက်မှုနဲ့အတူအကြမ်းဖက်မှု ရာသီဥတုဖောက်ပြန်မှုစတဲ့ မကောင်းတဲ့အရာတွေပါ ဒွန်တွဲပါလာတတ်ကြပါတယ်။ တရုတ်နိုင်ငံဆိုတိုးတက်မှု လျင်မြန်သလိုလေထုညစ်ညမ်းမှုကလည်းအင်မတန်များပါတယ်။ ဆောင်းတွင်နဲ့မိုးတွင်းမှာ နေမမြင်ရသလောက်ပါပဲ။ ကောင်းကင်တစ်ခုလုံးအုံ့ဆိုင်းပြီး တိမ်စိုင်တိမ်ခဲတွေနဲ့ပြည့်နက်နေပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက တရုတ်ပြည်မှာ လျပ်စစ်မီးကို များသောအားဖြင့် ကျောက်မီးသွေးက ထုတ်ကြပါတယ်။ကျောက်မီးသွေးလောင်ကျွမ်းလို့ထွက်လာတဲ့မီးခိုးတွေကလေထုကို အဓိကညစ်ညမ်းစေတာပါပဲ။ အဲဒီလိုပါပဲ။
အိန္ဒိယနိုင်ငံကလည်း လေထုညစ်ညမ်းမှုတွေ ဖြစ်တဲ့နေရာမှာ တရုတ်နီးပါပဲ။ ဒီလိုအင်အားကြီးနိုင်ငံနှစ်နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီရဲ့side affectကြောင့် ဆိုးရွားတဲ့ရာသီဥတုဖောက်ပြန်မှုတွေ နှစ်စဉ်မိုးရာသီတိုင်းကြုံတွေ့နေရပါတယ်။ ဒီလိုတွေကြုံလာရင်ကျွန်တော်တို့အသက်တွေ အချိန်မရွေးဆုံးရှုံးသွားနိုင်ပါတယ်။ အကြမ်းဖက်မှုတွေများလာတဲ့ခေတ်ကြီးကြောင့်လည်း ကျွန်တော်တို့အသက်တွေအချိန်မရွေးဆုံးရှုံးနိုင်ပါတယ်။ အဲဒီလိုများဆုံးရှုံးသွားခဲ့ရင် ကြုံခဲလှတဲ့သာသနာနဲ့ဝေးပြီပေါ့။ ဘာဖြစ်လို့ဒီလိုရေးရတာလဲဆိုတော့ တချို့ ငယ်ရွယ်သူတွေက ဘုရားတရားလုပ်ဖို့ ငယ်ပါသေး
တယ်လို့ အရိုးစွဲနေကြလို့ပါ။
image
crd-org-source
နောက်တစ်ခုပြောချင်တာက ဝိပသနာတရားကိုကျင့်ကြံအားထုတ်ဖို့ဆိုရင်အဓိကကျန်းမာရေးကောင်းဖို့လိုပါတယ်။ ဥာဏ်ရည်ထက်မြက်ဖို့လိုပါတယ်။အမှုကိစ္စမများဖို့လိုပါတယ်။ဒီအချက်တွေဟာအသက်ကြီးသူနဲ့ငယ်သူကိုနှိုင်းယှဉ်မယ်ဆိုရင်ငယ်သူကသာပါတယ်။ ဒီအချက်တွေတစ်ခုခုချို့ယွင်းနေမယ်ဆိုရင်တရားအားထုတ်လို့မအောင်မြင်နိုင်ပါဘူး။ အသက်ကြီးသူတွေဆိုရင် အဓိကအားဖြင့် ကျမ်းမာရေး
ချို့ တဲ့တာများပါတယ်။ အရိယပုဒ်လေးခု(လျောင်း!ထိုင်!ရပ်!သွား)ခုမှာ တရားမှတ်လို့ရတယ်ဆိုပေမဲ့ တော်တော်များများအားသန်တာက ထိုင်လျက်တရားမှတ်ရတာကိုပါ။ ကျန်းမာရေးမကောင်းတဲ့သူက ဘယ်မှာလာပြီးထိုင်နိုင်တော့မှာလဲ။ငယ်စဉ်ကတည်းကတရားရှုမှတ်လာမယ်ဆိုရင်တော့ အသက်ကြီးလာလို့ကျန်းမာရေးမကောင်းလည်း အိပ်လျက်အနေထားနဲ့တရားရှုမှတ်နိုင်ပြီပေါ့။ ငယ်စဉ်ကတည်းကအလေ့ကျင်ရပြီးသမာဓိကောင်းလာပြီဆိုရင်တော့ ဘယ်အရိယပုဒ်နဲ့ဖြစ်ဖြစ်တရားမှတ်နိုင်ပါပြီ။ သေဖို့လည်းအဆင်သင့်ဖြစ်လောက်ပါပြီ။
လူတိုင်းfacebookသုံးနေတာဆိုတော့ ဖတ်ဘူးမြင်ဖူးကြမှာပါ။ "အသက်က၁၃နှစ်ပဲရှိသေးတယ် သေသွားတာအိပ်နေသလိုပဲ အသားတွေကလည်းနွေးပြီး လက်တွေခြေတွေပျော့ပြောင်းနေတာပ ငါးရက်ရှိပြီပုပ်လည်းမပုပ်ဘူဲး"လို့ တွေ့ဖူးဖတ်ဖူးကြမှာပါ။ အဲဒါတရားတခိုးပါပဲ။ လူတော်တော်များများသေရင် တောင့်တင်းပြီး တချိုးဆိုတရက်နဲ့ပုပ်ကြတယ်။ တချို့ ဆို သုံးရက်လောက်ဆိုပုပ်ကြတယ်။ [ ဆေးထိုးသူများမပါ] အဲဒါဘာကြောင့်လည်းဆိုတော့နောက်ဆုံးအသက်ထွက်ချိန်မှာ ကိလေသတွေရှိနေလို့ပါ။ ကိလေသကတော့အကျင်းတစ်ဆယ်နဲ့ အကျယ်ထောင့်ငါးရာရှိပါတယ်။ဒီကိလေသကိုသတ်နိုင်တာ"ဝိပသနာတရား"ပါ။ ဒီ၁၃နှစ်ကလေးလေးဟာ ကိလေသတွေကင်းနေလို့
မပုပ်မသိုးပဲ မသေသူကဲ့သို့ တကိုယ်လုံးပျော့ပြောင်းနေတာပါ။ ဒီလိုလူမျိုးဆို သပိတ်သွပ်စရာမလိုပါဘူး။ ရာနှုံးပြည့်နတ်ပြည်ရောက်သွားပါပြီ။
image
crd-org-source
ဒီခေတ်ဒီအခါမှာ လူဖြစ်ရတာ အချိန်မရွေးသေသွားနိုင်ပါတယ်။ ကြီးသည်ငယ်သည်မဟုတ်ပါ။ ဒါကြောင့်မို့လို့ တရားလုပ်ဖို့ငယ်ပါသေးတယ်လို့ မတွေးလိုက်ပါနဲ့။ အချိန်တိုင်းလုပ်ပါလို့ မဆိုလိုပါဘူး။နေ့စဉ်ပုံမှန်(နေ့!ည) လုပ်ပြီး ကျန်တဲ့အလုပ်လုပ်နေချိန်မှာတော့ သတိကပ်ပြီးကုသိုလ်စိတ် အကုသိုလ်စိတ်ရယ်လို့ပိုင်းခြားနိုင်ပြီဆိုရင် လူတစ်ဦးအနေနဲ့တော်တော်တာဝန်ကျေနေပါပြီ။ အပယ်လည်းလွတ်နေပါပြီ။ အားလုံးအပယ်လွတ်နိုင်တဲ့သံသရာကလွတ်နိုင်တဲ့ဝိပသနာတရားအား အမြန်ဆုံးကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါ
တယ်။
MSC-251
@mgmglattt

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆရာ့ပို့စ်လေးတွေ ဖတ်တိုင်း တရားအသိ တရားသတိ ရစေလို့ သာဓုလည်းခေါ်ပါတယ် ကျေးဇူးလည်းတင်ပါတယ်ရှင်။

ဖတ်ပေးတဲ့အတွက်နဲ့ အသိတစ်ခုရရှိမှုအတွက် တင်ရ
ကြိုးနပ်ပါတယ်

အခုလို အသိတရားပေးတဲ့အတွက် ကျေးဇူးပါ

များများရစေချင်ပါတယ်

အသိများများရစေချင်ပါတယ်

ကြိုးစားအားထုတ်သင့်ပါတယ်တရားထူးကို

မှန်ပါတယ်ဗျာ

ဆရာက ဘာသာ​ရေးတအားလိုက်​စားတယ်​​နော်
အားကျတယ်​ဗျာ

သိသမျှလေးshareလုပ်တာပါ

လူငယ်​၊လူကြီးဘယ်​အချိန်​ဘာဖြစ်​မယ်​မသိဘူးဆို​တော့ငယ်​ရွယ်​ချိန်​လည်းတရားအားထုတ်​သင်​တာ​ပေါ့​​​နော့....

ဟုတ်ပါတယ်ဗျ

  ·  7 years ago (edited)

ဆရာရဲ့  post တွေက
စိတ်ရဲ့ အသိအမြင်တွေကို အလင်းရရှိစေပါတယ်
အမြဲ လေးစားလျက်ပါ ဆရာ

သံဝေဂကိုအရင်းတည်တဲ့postတွေပါ
သံဝေဂမရှိပဲ တရားအားထုတ်လို့မဖြစ်နိုင်ပါ။

ငှယ် ဘာ လား လို့

ဘယ်လိုအမျိုးစားcommetလဲဟ

ပေးတဲ့ဆုလေးရပါစေ
သာဓု သာဓု သာဓုပါသားလေးရေ

ပြည့်ပါစေဗျာ
ကျေးဇူးပါ

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က video တစ်ခုမှာ မြင်ဖူးတယ်၊
သေသွားပေမယ် ခန္ဓာကိုယ်က ပျော့ပြောင်းနေတာပဲ

ကျွန်တော်ကတော့ လူအဖြစ်နဲ့သေခဲ့ရင် အဲလိုမျိုးသေအောင်ကြိုးစားမယ်လို့ ဆူံးဖြတ်ထားပါတယ်။

အဲဒီ အရိုးစွဲနေတဲ့ အသိတစ်ခုကိုတော့ ရာနှုန်းပြည့်ထောက်ခံပါတယ်။တရားအလုပ်လုပ်တာကို ငယ်တဲ့အချိန်မှာကတည်းက တွဲပြီးလုပ်တတ်တဲ့အကျင့်လေးရအောင် ယူဖို့ တိုက်တွန်းပေးထားတာ အရမ်းတန်ဖိုးရှိပါတယ်။အားလုံးလည်း ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။ဒီလိုတရားအသိလေးတွေ ဖြန့်ဝေပေးတဲ့ အစ်ကို့ကိုလည်း လေးစားအားကျမိပါတယ်

ကိုသန့်ဇင်ကpostတိုင်းကို သေချာဖတ်ပြီး သေချာreply
လုပ်တာတွေ့ရတယ်။အောင်မြင်မှာပါ။

အရွယ်​မ​ရွေး​သေဆုံးနိုင်​တာမို့ အချိန်​မ​ရွေးကြိုးစားအယးထုတ်​သင့်​ပါတယ်

ဟုတ်ပါတယ်ဗျ

လုပ်‌သင့်‌တယ်‌ ဆိုတာထက်‌ လုပ်‌ကိုလုပ်‌ရမယ့် အရာပါ။

yes we must do.

ငယ်တယ်ဆိုတာထက် လုပ်ချင်တဲ့စိတ်ကလေးပဲ လိုတာပါ😊😊

ဟုတ်ပါတယ်

အပယ် လွတ်ရာလမ်းသည် မိမိ၏ နေ့စဉ် ပြု မူ သောအြုပု မူအားလုးံ ကို ဝိပဿနာ အကျင့်စဉ်အတိုင်း တစ်ခုပြီး တစ်ခု.. စက္ကန့် မလပ်. သတိတရားသဖြင့်နေထိုင် မှု ကရရှိစေပါသည်

မှန်ပါတယ်