အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
အပိုင်း - (၁) အားဖတ်ရှုနိုင်ရန်
https://steemit.com/myanmar/@uthantzin/undefinedmthayakhngaeyakang-apundefinedng-1-687d138e6501d
ပြီးခဲ့တဲ့ရက်က ချမ်းသာခြင်းအကြောင်း အပိုင်း(၁)အား ရေးသားမျှဝေခဲ့ပြီးဖြစ်၍ ယခု အပိုင်း(၂)အဖြစ် ကျန်သော အချက်နှစ်ချက်အား ဆက်လက်ပုံဖော်ရေးသားပေးခဲ့ချင်ပါသည်။
Crd-org-source
(၃)ငွေရော..စိတ်ရော နှစ်ခုစလုံးချမ်းသာချင်တာလား...?
ငွေ နှင့် စိတ် တို့တွင် မိမိတို့လိုချင်သော တစ်ခုခုအတွက် ချမ်းသာစေရန် သီးသန့် အားပြုကြိုးစားလုပ်ဆောင်နိုင်သော်လည်း ထိုနှစ်ခုစလုံး ချမ်းသာအောင် လိုချင်တယ်ဆိုရင်တော့ အထက်တွင်ဖော်ပြထားသော ငွေ နှင့်စိတ်၏ ချမ်းသာကြောင်း သဘောသဘာဝလေးတွေကို သေသေချာချာ သိရှိပြီး နှစ်ခုစလုံးကို balance ချပြီး ကြိုးစားကျင့်ကြံနေထိုင်ကြရမှာ ဖြစ်ပါတယ်။
လူ့လောကကြီးထဲမှာ ကြိုးစားရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗါန်ချမ်းသာအထိပါ ရရှိနိုင်တဲ့အတွက် ဘယ်အရာမဆို မိမိအပေါ်မှာပဲ အများကြီးမူတည်နေမှာ ဖြစ်ပါတယ်။မိမိလိုချင်သောပုံစံအတွက် မိမိ၏ ရည်မှန်းချက်ထားရှိမှု..ယုံကြည်ချက်ခိုင်မာမှု..စိတ်အားထက်သန်မှုတို့နှင့်အတူ မိမိတို့၏ ကံ ညဏ် ဝီရိယတို့ဖြင့် ကြိုးစားဆောင်ရွက်ပါက မိမိလိုချင်သော အနေအထားအတိုင်းအတာကို ရရှိခံစားကြရမှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားမိတာက မိမိသည် ငွေကြေးပမာဏ ဘယ်လောက်ရှိရင်..ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဘယ်လောက်ရှိရင် ငွေကြေးချမ်းသာတယ်လို့ အကြမ်းမျဉ်းသတ်မှတ်ထားတာလဲ ဆိုတာရယ်...။ထို့အတူ မိမိစိတ်ကိုလည်း ဘယ်လောက် ပျော်ရွှင်နေမယ်...ဘယ်အနေအထားလောက်ထိ အေးချမ်းနေမယ်ဆိုရင် စိတ်ချမ်းသာတယ်လို့ တွေးထားတာလဲ...စသည်ဖြင့် ခန့်မှန်းထားနိုင်မှသာ နှစ်ခုစလုံးချမ်းသာဖို့အတွက် balance ချပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီလို လုပ်နိုင်ပြီဆိုရင်တော့ ငွေရော စိတ်ရော နှစ်ခုစလုံး ချမ်းသာခြင်းကို ရရှိလာမှာဖြစ်ပါတယ်။နှစ်ခုလုံးအတွက် ခန့်မှန်း target မထားနိုင်ပါက တစ်ဘက်အစွန်းရောက်သွားနိုင်ပါ၍ ဒီသဘောလေးကို balance ထိန်းပြီးနေနိုင်ဖို့ လိုအပ်နေမယ်လို့ ထင်မြင်မိခြင်းဖြစ်ပါတယ်။
Crd-org-source
(၄)နိဗ္ဗါန်ချမ်းသာကို လိုချင်တာလား...?
ကျွန်တော်တို့ ဗုဒ္ဓဘာသာ၏ အမြင့်မြတ်ဆုံး ချမ်းသာခြင်း အစစ်အမှန်ဟာ နိဗ္ဗါန်ချမ်းသာပဲ ဖြစ်ပါတယ်။ဒီချမ်းသာကတော့ ချမ်းသာခြင်းအားလုံးထဲမှာ အဆင့်အမြင့်ဆုံး အသန့်ရှင်းဆုံး ချမ်းသာပဲဖြစ်ပါတယ်။နိဗ္ဗါန်ချမ်းသာကို လိုချင်ရင်တော့ ဗုဒ္ဓဘုရား၏တရားတော်များနှင့်အညီ ကိုယ်တိုင်လေ့လာပြီး ကျင့်ကြံကြိုးစား အားထုတ်ကြရမှာဖြစ်ပါတယ်။
"အတ္တာဟိ အတ္တနော နာထော" မိမိကိုယ်သာကိုးကွယ်ရာ လို့ ဘုရားက ဟောပြောညွှန်ပြထားတဲ့အတိုင်း မိမိလိုချင်တဲ့ ချမ်းသာ ဘယ်ချမ်းသာမျိုးမဆို နောက်ဆုံး နိဗ္ဗါန်ချမ်းသာအထိ မိမိကိုယ်တိုင်ကျင့်ကြံကြိုးစားအားထုတ် ကြရမှာဖြစ်ပါတယ်။
နိဗ္ဗါန်ချမ်းသာအတွက်..နိဗ္ဗါန်ရဖို့အတွက် အရှိကိုအရှိတရားမှန်းသိပြီး တစ်ကယ်မရှိတာကို မရှိဘူးလို့ အမှန်အတိုင်းသိရမှာဖြစ်တယ်။ ပညတ် နဲ့ ပရမတ်ကို သေသေချာချာ ကွဲကွဲပြားပြား သိရမည်ဆိုတဲ့သဘောပါ။
*ဥပမာ - လူဆိုတာ တစ်ကယ်မရှိပါဘူး။ ပညတ်ထားတာပါ။တစ်ကယ်ရှိတာက ရုပ် နဲ့ နာမ် ပဲရှိတာပါ။ရုပ် နဲ့ နာမ်ပဲရှိတဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ခန္ဓာငါးပါးပဲရှိတာဖြစ်ပါတယ်။ရူပက္ခန္ဓာ..ဝေဒနာက္ခန္ဓာ..သညာက္ခန္ဓာ..သင်္ခါရက္ခန္ဓာ..ဝိညာဏက္ခန္ဓာ တို့ပဲဖြစ်ပါတယ်။
*ရူပက္ခန္ဓာကတော့ --- ရုပ်တရားဖြစ်ပြီး ဒီရုပ်တရားကို ပထဝီ..တေဇော..အာပေါ.. ဝါယော ဆိုတဲ့ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထာတာဖြစ်ပါတယ်။ဒါကြောင့် ပထဝီဓါတ်ဖြစ်တဲ့ မာသဘော..ပျော့သဘော။ တေဇောဓါတ်ဖြစ်တဲ့ ပူသဘော.. အေးသဘော။တောင့်ခံ တွန်းကန်သဘော နဲ့ ယိုစီးတဲ့သဘော တွေပဲ ဒီရုပ်ခန္ဓာမှာ ရှိတာဖြစ်ပါတယ်။ဒီရုပ်သဘောတွေအားလုံး ဖောက်ပြန်တဲ့သဘောသာရှိပါတယ်။
*ဝေဒနာက္ခန္ဓာ --- ခံစားမှုသဘောကို ပြောတာဖြစ်ပါတယ်။
*သညာက္ခန္ဓာ --- မှတ်သားတဲ့သဘောကို ပြောတာဖြစ်ပါတယ်။
*သင်္ခါရက္ခန္ဓာ --- ဖြစ်ပြီး ပျက်တဲ့သဘော.. ပြုပြင်ဖန်တီးတဲ့သဘောကို ပြောတာဖြစ်ပါတယ်။
*ဝိညာဏက္ခန္ဓာ --- အထူးသိ သိတဲ့သဘောကို ပြောတာဖြစ်ပါတယ်။
ဒါကြောင့် ဒီမိမိခန္ဓာကိုယ်မှာ ရုပ် နဲ့ နာမ် နှစ်မျိုးသာရှိပြီး ဒီနှစ်မျိုးလုံးဟာ သဘောသက်သက်တွေသာရှိတယ်လို့ အမှန်အတိုင်းသိရမှာဖြစ်ပါတယ်။ဒီသဘောသက်သက်သာရှိတဲ့ တရားတွေဟာ "အနိစ္စ"လို့ခေါ်တဲ့ မမြဲတဲ့တရားတွေပါလားလို့ သိနိုင် မြင်နိုင်စွမ်းရှိရပါမည်။
ဒီသဘောသက်သက်သာရှိတဲ့ ခန္ဓာကြီးဟာ "ဒုက္ခ"လို့ခေါ်တဲ့ ဆင်းရဲခြင်းတရားတွေပါပဲလားလို့ သိမြင်နိုင်စွမ်းရှိရပါမည်။
ဒီလိုပဲ ခန္ဓာငါးပါးရှိတဲ့ ခန္ဓာကိုယ်ကြီးဟာ "အနတ္တ"လို့ခေါ်တဲ့ အစိုးမရပါလားလို့ အမှန်အတိုင်းသိရှိရအုံးမည်ဖြစ်ပါသည်။
ဒီလိုတွေ တစ်ခုချင်းသိရှိပြီး မိမိ၏ရုပ် နာမ်ခန္ဓာကြီးအား ဖြစ်ပြီးပျက်တာပါပဲလား.. အနတ္တပါပဲလား.. သဘောသက်သက်ပါပဲလားလို့ ညဏ်နဲ့ မြင်အောင် ကျင့်ကြံ ရှုမှတ်ပွားများကြရမှာဖြစ်ပါတယ်။ထိုသို့ ရှုမှတ်ပွားများရင်း ကိလေသာကြားမဝင်နိုင်အောင် သတိတရားလေးနဲ့ ဆင်ခြင်ပြီး အကြားမလပ်စေအောင် ရှုမှတ်ပွားများ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ထိုသို့
ရှုမှတ်ပွားများမှု တဖြည်းဖြည်း အားကောင်းလာသောအခါ ညဏ်ရင့်သန်လာပြီး ညဏ်စဉ်တွေ တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာနိုင်ပြီး သောတပန်..သက္ကဒါဂါမ်..အနာဂါမ်..ရဟန္တာ စသည်ဖြင့် နောက်ဆုံးအဆင့် နိဗ္ဗါန်ချမ်းသာအထိပါ ခံစားရရှိနိုင်မည်ဖြစ်ပါတော့သည်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့လိုချင်သော မည်သည့်ချမ်းသာခြင်းကိုမဆို မိမိတို့ကိုယ်တိုင် ဖန်တီးကြိုးစား လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း...
သို့ဖြစ်ပါ၍ မိမိတို့အလိုချင်ဆုံးသော ချမ်းသာခြင်းကို အကောင်းဆုံး ဖန်တီးရရှိခံစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Hi, @uthantzin!
You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you so much .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ...လိုချင်တဲ့ချမ်းသာခြင်းကိုအကောင်းဆုံးဖန်တီးကြိုးစားရမှာပါ...
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်မ။လိုချင်တဲ့အရာအတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ကြရမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချမ်းသာခြင်း အစစ်အမှန် ကိုလူတိုင်းမသိကြတာကခက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါကတော့ ပုံစံမျိုးစုံ ကံတရားမျိုးစုံ သံသရာကြီးထဲမှာ လည်ပတ်နေကြတာဆိုတော့ ပါရမီတွေ ကွာခြားသွားတာပေါ့အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်လိုချင်တဲ့ ချမ်းသာကို ကိုယ်တိုင်ဖန်တီးရမှာပါဘဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်မ။ကိုယ်တိုင်ကြိုးစား ဖန်တီးကြရမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တန်ဘိုးရှိသော post ကောင်းတစ်ခုပါ ကိုသန့်။ မကြာ မကြာ ရေးပေးပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်။ ရေးပါ့မယ်အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ် လိုခြင်တဲ့ ချမ်းသာခြင်းကို ကိုယ်ပဲ ရှာဖွေရမှာပဲလေ 😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်ကို ကိုယ်တိုင်ပဲ ကြိုးစားပုံဖော်ကြရမှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ် လိုခြင်တဲ့ ချမ်းသာခြင်းကို ကိုယ်ပဲ ရှာဖွေရမှာပဲလေ 😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ကယ်တော့ တရားသဘောအရကြည့်ရင်
ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး ရှိမနေပါဘူးလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit