၂၀ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in myanmar •  7 years ago 

ယနေ့ Steem ဈေးသည် Bittrex ဈေးကွက် အတွင်း၌ ၂၄ နာရီ အတွင်း အမြင့်ဆုံး ဈေး ဖြစ်သော USD$ 1.74 သို့ ရောက်ရှိသွားခဲ့ကာ လက်ရှိအချိန်တွင် USD$ 1.68 ခန့်တွင် ဝယ်ရောင်း နေကြပါသည်။ Steem အနေဖြင့် လက်ရှိအချိန်တွင် BTC ဖြင့် ရောင်း ဝယ်သော Binance ဈေးကွက်မှ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၃ သိန်းကျော်ဖြင့် ဈေးကွက်၏ ၂၂% ကို ဦးဆောင်လျက်ရှိပါသည်။ Steem ဈေးအနေဖြင့် ကိုးရီယား ဝမ်ဖြင့် ရောင်း ဝယ်သော gopax ဈေးကွက်တွင် USD $ 1.77 အထိ ဈေးရှိနေသော်လည်း ၂၄ နာရီ ဝယ်ရောင်းပမာဏ ဒေါ်လာ ၁၀၀၀ ကျော်သာရှိခဲ့ပါသည်။ Steem အနေဖြင့် ယမန်နေ့က coinmarketcap ၏ အဆင့် ၃၅ နေရာအထိ ကျဆင်းသွားခဲ့ပြီးနောက် ယနေ့ နံနက်တွင် အဆင့် အဆင့် ၃၄ နေရာသို့ ပြန်တက်လာခဲ့ပြီ ဖြစ်ပါသည်။

01.png

SBD ဈေးအနေဖြင့် Bittrex ဈေးကွက်အတွင်း၌ ဝယ်ရောင်း ပြုလုပ်ရန် စိတ်ဝင်စားမှု နည်းပါးလာရကာ ယခု ရက်တ္တပတ် အတွင်း USD $1.30 ခန့်တွင်သာ ဈေးငြိမ်လျက်ရှိပါသည်။ SBD အနေဖြင့် လွန်ခဲ့သော ၂၄ နာရီ အတွင်း Upbit ဈေးကွက်၌ ဒေါ်လာ ၂ သိန်းကျော်အထိ ဝယ်ရောင်း ပမာဏ ရှိခဲ့သော်လည်း Bittrex ဈေးကွက် အတွင်း၌ ဒေါ်လာ ၃ သောင်းကျော်ခန့်သာ ဝယ်ရောင်း ပမာဏ ရှိခဲ့ပါသည်။ Gopax ဈေးကွက် အတွင်း၌ မူ Steem အနေဖြင့် လက်ရှိ အချိန်တွင် USD $1.33 ခန့်ဖြင့် ဝယ်ရောင်းလျက်ရှိပါသည်။

02.png

နောက်၂၄ နာရီ အတွင်း Steem & SBD ဈေး ခန့်မှန်းချက်မှာ coin ဈေးကွက်တခုလုံး ဈေးများတန့်နေခြင်း နှင့်အတူ Steem အနေဖြင့် USD $1.5 နှင့် SBD အနေဖြင့် USD $1.30 ဝန်းကျင်တွင်သာ ရှိနေ အုံး မည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်းသွားနိုင်ပါသည်။

MSC Exchange

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!