ဥသာအကြောင်း တစ်စေ့တစ်စောင်း

in myanmar •  7 years ago 

ရှေ့အပိုင်းတွေမှာ ကျွန်တော် ထိုင်းမင်းသမီး ဆုပန်ကလျာ အကြောင်း ကျွန်တော်သိသလောက်ကို အကျဉ်းချုံးရေးခဲ့ဖူးပါတယ်။ အခုရေးမည့် အကြောင်းက ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထာ မင်းတရားကြီး နှင့် ဥသာ (ပဲခူး) အကြောင်းကို အကျဉ်းချုံးပြီး ရေးသားတင်ပြချင်တာပါ။ တစ်ခုတော့ ကြိုပြောထားပါရစေ။ အမြင်ချင်း တူချင်မှတူမှာပါ။

image
Credit-org-source

ပုဂံရာမပြည်ရှင် အနော်ရထာ မင်းတရားကြီးဟာ ပုဂံမှာ အရည်းကြီးအယူဝါဒ ကို မြေမြှပ်သင်္ဂျိုလ် ပြီးတဲ့အခါမှာ သူ့အနေနဲ့ ဗုဒ္ဓဘာသာကို စတင်ကျင့်သုံးတဲ့ အချိန်ပေါ့။ ဒီလိုနဲ့ ပိဋိကတ် တွေကို သွားယူဖို့ သထုံကို ပထမအကြိမ် သံတမန် စေလွှတ် ခဲ့တယ်။ အနော်ရထာမင်းတရားအနေနဲ့ ရမယ် လို့မျှော်လင့်ထားခဲ့ပုံရပါတယ်။ နောက်ဆုံး မရခဲ့တဲ့အပြင် အစော်ကားခံလိုက်ရတဲ့အတွက် မင်းတရားအနေနဲ့ အသာတကြည် တောင်းလို့မရတော့မှန်း သိခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးအရ တိုက်ယူပြီး ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို သထုံကို တိုက်ဖို့အတွက် စစ်ရေးပြင်ဆင် တဲ့အခါမှာ ကျန်စစ်သား ဟာ စစ်ဦးစီးအနေနဲ့ ဦးဆောင် ရပါတယ်။ ကျန်စစ်သား အောက်မှာ တခြားစစ်သူကြီးတွေ အဖြစ် အားလုံးသိကြတဲ့အတိုင်း ငထွေရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး နှင့်အတူ ဗျတ္တ ပါ ပါလာပါတယ်။ ဗျတ္တ အနေနဲ့က သထုံကို သွားရဖို့အရေးကို အရမ်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းအရင်းက စစ်တိုက်ရမှာကြောင့် မဟုတ်ဘဲ သေဆုံးသွားတဲ့ သူ့ရဲ့ အစ်ကို ဗျက်ဝိ ရဲ့ ရည်းစား (သူ့ရဲ့ မရီး) ဖြစ်တဲ့ သထုံသူ မအိုဇာ နဲ့တွေ့ရတော့မှာကြောင့်လို့ မှတ်သားဖူးပါတယ်။ ဒီလို သထုံကိုစစ်ချီတဲ့ လမ်းကြောင်းမှာ ပုဂံ စစ်တပ်အနေနဲ့ ဥသာ ပဲခူး ကို ဖြတ်ရမှာဖြစ်ပါတယ်။

image
Credit-org-source

ဒီလို ပုဂံစစ်တပ်ကြီး ချီတက်လာပြီ ဆိုတဲ့သတင်းကို ဥသာဘုရင် ကလည်း ကြားသိတဲ့ အတွက် ကြိုဆိုဖို့ ပြင်ဆင်ပါတော့တယ်။ သူ့အနေနဲ့က ပုဂံ ပြည် နဲ့ မဟာမိတ်ဖွဲ့ဖို့ မျှော်မှန်းထားပုံရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချိန်ချိန်မှာ ပြည်ပရန်ကို ကာကွယ် ဖို့အတွက် အင်အားကြီးမဟာမိတ် တစ်ခုရှိသင့်တယ်လို့ ယူဆလို့ပါပဲ။ ဒီတော့ ပုဂံစစ်တပ်ကြီး ချီတက်လာတဲ့အချိန်မှာ ဥသာဘုရင်ဟာ ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး လိုအပ်တဲ့ ရိက္ခာတွေပါ ထောက်ပံခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ နောက်ဆုံး ပုဂံဟာ သထုံကို အောင်မြင်ခဲ့ပြီး ပိဋိကတ် တွေကို ပုဂံပြည်ကို သယ်ယူနိုင်ခဲ့ပါတယ်။ ဒီမှာ တစ်ခုသိထားသင့်တာက အဲ့ဒီ တိုက်ပွဲမှာ စစ်သူကြီးတစ်ဦးဖြစ်တဲ့ ဗျတ္တ ဟာ အသက်ပေးခဲ့ရပါတယ်။ သူ့ကြောင့်လည်း ပုဂံစစ်တပ်ဟာ သထုံကိုအောင်မြင်ခဲ့တာပါ။ ဗျတ္တဟာ အဆိပ်လူးမြှားတန်းလန်းနဲ့ နောက်ဆုံးမသေခင်မှာ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ ရွှေဖျင်းကြီး နဲ့ ရွှေဖျင်းလေး ကို ကျန်စစ်သား မင်းရဲ့ လက်ထဲကို အပ်ခဲ့ပါတယ်။ အဲ့ဒီ ရွှေဖျင်းကြီး နဲ့ ရွှေဖျင်းလေး ဟာလည်း နောက်ပိုင်းမှာ လည်း ဘုရားတည်တဲ့အခါမှာ အုတ်နှစ်ချပ် လွတ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အနော်ရထားမင်းရဲ့ သေဒဏ်ကို ကျခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တောင်ပြုန်းမင်းညီနောင် ဆိုပြီးဖြစ်လာပါတယ်။ ဒါတွေထားလိုက်ပါတော့။ ပဲခူး အကြောင်းကို ပြန်ဆက်ရအောင်ပါ။

image
Credit-org-source

ပုဂံစစ်တပ်ဟာ သထုံကို နိုင်လာပြီးတဲ့အခါမှာ ပုဂံပြည်ပြန်ရောက်ချင်းမှာပဲ ဥသာ ပဲခူး ကို ဂျွမ်းလူမျိုးတွေဟာ စတင်ကျူးကျော်ပါတော့တယ်။ သူတို့ရဲ့ရည်ရွယ်ချက်က တစ်နိုင်ငံလုံးကို သိမ်းဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ဂျွမ်းလူမျိုးတွေရဲ့အဓိက ပြိုင်ဘက် က ပုဂံစစ်တပ် ပဲဖြစ်ပါတယ်။ သို့သော် ပုဂံကို တိုက်ဖို့အတွက် အရင်ဆုံး ဥသာ ပဲခူး ကို တိုက်မှ ရမယ်လို့ သိထားပုံရပါတယ်။ ဒါကြောင့်လည်း ဥသာ ကို အရင်ဆုံးကျူးကျော်ပါတယ်။ အဲ့ဒီလို အချင်းအရာတွေကိုမြင်တဲ့ ဥသာ ဘုရင်ဟာ ပုဂံမင်းတရားကြီး အနော်ရထာ ဆီမှာ အကူအညီတောင်းပါတယ်။ အဲ့ဒီမှာ အနော်ရထာ အနေနဲ့ အကူအညီ ပေးလိုက်ရင်ဖြင့် ဥသာ ဟာ စစ်တိုက်စရာမလိုဘဲ ပုဂံရဲ့လက်အောက်ကို အလိုလို ရောက်လာမယ် လို့ စဉ်းစားမိပုံရပါတယ်။ ဒါကြောင့် အကူအညီပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ အကူအညီ ပေးဖို့အတွက် စစ်သည် ဘယ်လောက်အရေအတွက် လွှတ်မယ် ဆိုတာကိုတော့ လျှို့ဝှက် ထားပါတယ်။ သို့သော် ဥသာ ဘုရင်ကိုတော့ စစ်သည် ၄သိန်း လွှတ်လိုက်မယ်လို့ပဲအကြောင်းပြန်ခဲ့ပါတယ်။ ဒီသီတင်းကို ဂျွမ်းစစ်တပ်က လည်းကြားသိပါတယ်။
တစ်ကယ်တမ်း ပုဂံ က စစ်သည် လွှတ်လိုက်တဲ့ အခါမှာတော့ ကျန်စစ်သား ၊ ငထွေရူး၊ ငလုံးလဖယ် နဲ့ ညောင်ဦးဖီး လေးယောက်သာ လွှတ်လိုက်တယ်လို့ မှတ်သားဖူးပါတယ်။ ဥသာ ဘုရင်ကလည်း အနော်ရထာမင်းတရားကြီး လွှတ်လိုက်တဲ့ ပုဂံစစ်သည်တွေကို ကြိုဆိုဖို့ ကိုယ်တော်တိုင်ကြွတော်မူပါတယ်။ သို့သော် အထင်နဲ့အမြင်လွဲမှားခဲ့ရပါတယ်။ စိတ်လည်းအပျက်ကြီး ပျက်တော်မူခဲ့ရပါတယ်။ နောက်မှသာ စစ်ဦးစီးမှူးဖြစ်တဲ့ ကျန်စစ်သားမင်း က စစ်ပရိရာယ် ကိုရှင်းပြမှသာ နားလည်ခဲ့ရပါတယ်။ တစ်ကယ်တမ်းက ကျန်စစ်သား ဟာ စစ်သည် အချို့ကို နောက်ချန်ထားခဲ့တယ်လို့ စာတွေက ဆိုကြပါတယ်။ သို့သော် ဒီအကြောင်းကို ဥသာပြည်သူတွေက မသိတဲ့အတွက် ကျန်စစ်သားအနေနဲ့ ရှင်းပြဖို့တာဝန်ရှိလာပါတယ်။ ဒီတော့ ပရိရာယ်ဆင်ပြီး ဥသာမြို့အစွန်က ယာခင်းမှာ စစ်ရေးပြမယ်လို့ပြည်သူတွေကိုကြေငြာပါသတဲ့။ ဘာကိုစစ်ရေးပြမလဲဆိုတော့ အဲ့ယာခင်းထဲမှာစိုက်ထားတဲ့သခွားသီး တွေနဲ့ စစ်ရေးပြပါတယ်။ ကျန်စစ်သားတို့စစ်သူကြီးလေးဦးဟာ ယာခင်းရဲ့ အရပ်လေးမျက်နှာမှာ နေရာယူပြီး သူတို့ရဲ့မြင်းတွေနဲ့ စစ်ရေးပြပါတယ်။ အဲ့ဒီနေရာမှာ တစ်ခုပြောချင်တာက ကျန်စစ်သားတို့ စစ်သူကြီးလေးယောက်စီးတဲ့မြင်းတွေဟာ နတ်မြင်းတွေလို့ ဖတ်ဖူးပါတယ်။ တစ်ကယ်တမ်းက မြင်းတွေဟာ အရမ်းကို သန်မာထွားကြိုင်းတဲ့ မြင်းတွေ လို့ လည်း ဖတ်ဖူးပါတယ်။ ဘယ်ဟာအမှန်လည်းတော့ကျွန်တော်လည်း မသိပါဘူး။ ဒုတိယ အချက်ကတော့ ဖြစ်နိုင်ခြေအများဆုံးလို့ ယူဆမိပါတယ်။ ပြန်ဆက်ကြရအောင်ပါ။ အဲ့ဒီလို စစ်ရေးသရုပ်ပြပွဲမှာ ဥသာ ဘုရင် ဟာလည်း သူ့ရဲ့ သမီးတော်နဲ့အတူ ကြည့်ရှု့တော်မူပါတယ်။ သူ့ရဲ့သမီးတော်ကိုတော့ ကျွန်တော်တို့အားလုံးကြားဖူးကြပါတယ်။မဏိစန္ဒာ မင်းသမီးပါ။ ကျန်စစ်သား ဟာ ပွဲ စကတည်းက စစ်ရေးပြပွဲကို အာရုံသိပ်မရှိတော့ပဲ မင်းသမီး မဏိစန္ဒာ ကိုသာ အာရုံရောက်နေခဲ့ပါတယ်။
....
.....
Photo credit by Google image
.....
အပိုင်း (၂ ) ကို ဆက်လက်စောင့်မျှော်ပေးကြပါဦး
....
@generalpyone
MSC- 238

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သိရှိရတဲ့အတွက် ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါ။

Unfortunately I can not read your text, but I like the Far Eastern art. I voted.

Thanks. You cann't read that bec that's my mother language.

No, I can not read it because it shows me only squares. Unfortunately!

That should be.

ပဲခူးရာဇဝင်‌ထက်‌ ပဲခူးသူကိုပိုစိတ်‌ဝင်‌စားတယ်‌။

မဏိစန္ဒာကိုလား

သမီးတော်ကိုကွယ် ပုဂံမင်းထံဆက်စေပြန်တယ် ဆုံးရှုံးစေတော့အချစ်ရယ်

သက်ဦးဆံပိုင် စနစ်မှာ ကိုယ်မှမပိုင်တာ

ရာဇဝင်​​တွေသိရလို့​ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ

နာတယ်ကွာ
မင်းအရင်ဦးသွားတယ်

ဒါပဲလေ ဆရာထက်တပည့် လက်စောင်းပိုထက် ရမယ်လေ ။ ကွက်ကျော်မြင်တယ်ဆိုတာ ဒါကိုပြောတာ။

ပြည့်ပြည့်စုံစုံ သိရလို့ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါဗျာ။

သေချာရှင်းပြထားတော့ ဖတ်ရတာကောင်းတယ်

ထပ်လာဦးမယ် ။

ဆက်ဖတ်ပါမည်

ဟုတ်ကဲ့ပါ

ကျန်​စစ်​သားနှင့်​မဏိစန္ဒာဇာတ်​လမ်းစိတ်​၀င်​စားလို့ဆက်​အား​ပေးပါ့မယ်​......

ဟုတ်ကဲ့

ခုမှသေသေချာချာဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါသားလေး

ဟုတ်ကဲ့ပါ

အစ်ကိုရေးထားတဲ့ ပုံစံလေးလည်း သဘောကျစရာကောင်းပါတယ်။တစ်ချို့အရာလေးတွေသိနေတယ်ဆိုပေမဲ့ အခုလို ရေးပြနိုင်လောက်တဲ့အထိ မသိတဲ့အတွက် ဗဟုသုတရရှိပါတယ်ခင်ဗျာ

မှီငြမ်း စာအုပ်များရှိရင် ထည့်ပေးပါဗျ။

တစ်ချက်လောက်ပြောပြပါ ဦးညီ ဘယ်လိုထည့်ရမယ် ဆိုတာ

သမိုင်းကြောင်းတွေမှာ စာအုပ်သော်လည်းကောင်း ကျမ်းသော်လည်းကောင်း တဆင့်ခံပြန်လည် ဖတ်ရှုမှတ်သားမှ သိလာရတာပါ ဒါကြောင့် အကိုရေးတဲ့ ဇာတ်လမ်းဇာတ်ကွက် သမိုင်းအချက်အလက်တွေကို ဘယ်လို ကျမ်း စာပေများက လေ့လာမှီငြမ်းထားပါတယ်ဆိုတာလေးပေါ့ဗျာ။

တရံတခါဆီက ပုဂံရာဇဝင် အချစ်ဇာတ်လမ်းလေးလာဗျာ ... ဇာတ်သိမ်းမျှော်ဘီလို့

မျှော်ပါဗျ

သမိုင်းတွေကို ပြန်လေ့လာရတာ အရမ်းစိတ်ဝင်စားတယ်ဗျာ 😊😊

တူတူပဲ

ခုလိုဖေါ်ပြတာထက် အပြန်အလှန်ဆွေးနွေးခန်းအနေနဲ့ ဆိုရင်ပိုကောင်းပါလိမ့်မယ်ဗျာ။

ဟုတ်ကဲ့ပါ ဆရာတင်